ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ပန်းတောင်း ဖေဖော်ဝါရီ  ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျ ရောက်မည့် စိန်ရတုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်းတောင်းမြို့နယ်၌ ထပ်ပိုးကတ္တရာလမ်းဖွဲ့ပွဲကို သိပ္ပံလမ်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

လမ်းဖွင့်ပွဲကိုပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးအေးကြိုင်နှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ  ဦးရန်လင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင် သိရသည်။

အဆိုပါကတ္တရာလမ်းကိုပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၂၁-၂၀၂၂ဘဏ္ဍာ ရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်၁၄.၀၁သန်းဖြင့်အလျားပေ၁၆၀၀၊ အနံ၁၂ပေဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။ အလားတူဒန့်ဒလွန်ကျေးရွာ၌ မြေနီကျောက်ချောလမ်းနှင့်ဘုရားပေါ်ကျေးရွာတွင်ကွန်ကရစ်လမ်းတို့ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)