ကြံခင်း ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပပြုလုပ်သော နံရံကပ်စာစောင်ပြပွဲတွင် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ တိုင်းရင်းသားသွေးချင်းတို့အကြောင်း၊ လှမ်းစို့တူပြိုင်ပြည်ထောင်စုပန်းတိုင်၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု၊ "ပြည်ထောင်စုနေ့ဟူသည်" ကဗျာ၊ ဆောင်းပါးများကို ပြည်သူများလေ့လာ ဖတ်ရှု့နိုင်ရန် အသိပညာပေး ပြသထားကြောင်း သိရသည်။
ထို့ပြင် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်၊ စာအုပ်အလွယ်တကူ ဌာရမ်းဖတ်ရှု့နိုင်ရန်၊ ရည်ရွယ်ပြီး စာအုပ်၊ စာစောင်ပြပွဲကျင်းပရာ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့များနှင့် စာပေဖတ်ရှု လေ့လာသူပြည်သူများမှ ခင်းကျင်းပြသထားသော သုတစာပေများ၊ ရသစာပေ၊ အပျော်ဖတ်ရုပ်ပြ၊ ကာတွန်းစာအုပ်မျိုးစုံအား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)