မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များဆောင်ရွက်

မန်တုံ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများနှင့်ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက်ပေးလျက်ရှိသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကျောင်းသား/သူများအတွက် ဗဟုသုတရရှိ စေရန် မန်တုံမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ/ရသ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များ၊ စက္ကူအရုပ်ခေါက်ခြင်းအစီအစဉ်များနှင့် ကျန်းမာရေးဆောင်းပါးမိတ်ဆက်ခြင်းအစီအစဉ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ရိုက်ကူး၍ Oneline မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။