ဂွမြို့တွင် ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် "ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဂွ  ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိင်၊ ဂွမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် မိုးပန်းမွန် (ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၃)နာရီက စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ထိုသို့ စာဖတ်ဝိုင်းကျင်းပရာတွင် ဝန်ထမ်းများ၏ စာပေကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ရေးနှင့် စကားပြော စွမ်းရည်မြင့်မားရေးအတွက် မိုးပန်းမွန်(ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ဖြင့် ဆောင်ရွက်ခဲ့ရာ မြို့နယ်ဦးစီးမှူး  ဒေါ်ရွှေရည်ဝင်းကျော်က "ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်" ဆောင်းပါးကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန်းနုက "လူငယ်နှင့် အချိန်၏ တန်ဖိုး "  ဆောင်းပါးကို လည်းကောင်း၊ လုပ်သားရုပ်/သံ ဒေါ်ခင်မြဝါက "တန်ဖိုးရှိသောလူ " ဆောင်းပါးကို လည်းကောင်း ဖတ်ကြားခဲ့ပြီး အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်