တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ လူငယ်များဘဝ၏ လက်တွဲဖော်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာ​​​ပေမြတ်နိုးသူ လူငယ်များစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အရှင်ဇနက(မန္တလေး စာသင်သား)၏ လူငယ်များ ဘဝရဲ့ လက်တွဲဖော် ရွေးချယ်သောအခါနှင့် ဓမ္မ၊ရသ၊ အတွေးအမြင်စာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက်က ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

သာစည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌    ပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့်   မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ပြင်ဈေးရပ်ကွက်အ.ထ.က(ခွဲ)လ-(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစကလေးများနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစ ကလေးငယ်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ထပ်ဆောင်း ကာကွယ်ဆေး-Booster) COVODXIN ထိုးနှံပေး

မြန်မာနိုင်ငဲရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ထပ်ဆောင်း ကာကွယ်ဆေး-Booster) COVODXIN ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွှဲ ၂နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆ လမ်း၊ ၃၀လမ်းနှင့် ၃၁ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲသူရိန်ခန်းမတွင် ပြုလုပ်ခဲ့သည်။

သတင်းဟိုပင်၌(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်များ ခင်းကျင်း ပြသ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူများ အသိပညာဗဟုသုတတိုးပွါးစေရန်၊ စာပေဖြင့် မွေ့လျော်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ဌာနပေါင်းစုံပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

တာမိုးညဲမြို့၌ သက်ကြီးရွယ်အို ၃၇၀ ဦးကို အာဟာရဖြစ်စေမည့်စားသောက်ဖွယ်ရာများထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ရပ်ကွက်(၈)ခုအတွင်းနေထိုင်သည့် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တာမိုးညဲပြည်သူ့စစ်ဌာနေ၊ မုန်းဝန်း ဗမာတိုင်းရင်းသားယဉ်ကျေးမှုဥက္ကဋ္ဌ ဦးမြင့်လွင်က ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အာဟာရ ဖြစ်စေမည့် စားသောက် ဖွယ်ရာပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
Subscribe to