“(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်းအသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “(၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်း လင်းဆွေးနွေးပြီး စာရေးဆရာ ခိုင်မင်း(နေပြည်တော်)နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က ပြည် ထောင်စုနေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်း၊ ပြည်ထောင်စုနေ့ရဲ့ အရေးပါပုံအကြောင်း၊ ပင်လုံစာချုပ်မချုပ်ဆိုမီ တောင်တန်းဒေသ စုံညီအစည်းအဝေး ကျင်းပခဲ့ပုံအကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည် အကြောင်းအရာများ၊ ယနေ့ခေတ် လူငယ်တွေအနေနဲ့ ဘာကြောင့် ပြည်ထောင်စုစိတ်ဓါတ် ထားရှိသင့်သလဲဆိုသည့်အကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်တွေအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးရဲ့ အရေးပါသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)