ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၂၄)ကြိမ်မြောက် ရိုးရာထမနဲထိုး ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး မဟာဗောဓိရင်ပြင်တော်၌ ယနေ့နံနက်ပိုင်းက (၂၄)ကြိမ်မြောက် ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပသည်။

တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင် မဟာအောင်မြေ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲ ကျင်းပ

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ယိုယွင်းခဲ့သည့် ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင် မဟာအောင်မြေ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကောင်းမူတော်စေတီတော်၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်တပို့တွဲလရောက်ရှိတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မွန်ပြည်နယ် ၏ (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့နယ်၊ ဂျူဗလီကျေးရွာ၌ ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ် ဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် မြစိမ်းရောင်အတိုးရငွေတို့ဖြင့် ဆောင်ရွက်သည့် ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ဂျူဗလီကျေးရွာ ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်ရှေ့၌ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဝမ်/လီဆူစာပေနှင့် ယဉ်ကျေးမှု အသင်းများ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ကြသည်။

မော်လမြိုင်မြို့၌ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည်၍ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသား/အမျိုးသမီး တင်းနစ်ပြိုင်ပွဲကျင်းပ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသား/အမျိုးသမီး တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ပြည်နယ်တင်းနစ်အားကစားကွင်း၌ ကျင်းပသည်။

သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့် နှီးဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၌  သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် (အဋ္ဌမ) အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိ ချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင် ဆရာကြီး၊ ဆရာလေးများ၏ (အဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်ရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နက်ပိုင်းက အ‌‌မှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အမျိုးသားခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့က တက်ရောက်ခဲ့ကြသည်။
Subscribe to