မော်လမြိုင်ကျွန်းမြို့နယ်၌ တာဝတိံသာမြတ်စွာဘုရားကြီး (၉၃) ကြိမ်မြောက် ဝါကျွတ်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၁၉၃၂ ခုနှစ်ကစ၍ တည်ထားကိုးကွယ်လျက်ရှိသော နှစ်စဥ်နှစ်တိုင်းစည်းကာသိုက်မြိုင်စွာ ကျင်းပသော တာဝတိံသာမြတ်စွာဘုရားကြီး၏ (၉၃) ကြိမ်မြောက် ဝါကျွတ်သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်ဇေယျလမ်းမပေါ်ရှိ တာဝတိံသာမြတ်စွာ ဘုရားကြီးရှေ့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။