တိုက်ကြီးမြို့နယ်၌ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဂျိုးဖြူစံပြကျေးရွာ ဂျိုးဖြူစာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ ဂျိုးဖြူစာကြည့်တိုက်ကော်မတီနာယက ဦးစိုးဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေခြင်း၊ စာအုပ်ဖတ်ရှုခြင်းမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း (Problem Solving Skill) ကို မြင့်တက်စေခြင်းနှင့် စာဖတ်ခြင်းကသာ လူတစ်ယောက်၏အရည်အသွေးကို အကောင်းဆုံးပြုစုပျိုးထောင်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကိုပြသခဲ့ရာ ကျောင်သား၊ ကျောင်းသူများလေ့လာကြည့်ရှုခဲ့ပြီး ဦးစီးဌာန (ရုံးချုပ်) မှထုတ်ဝေသည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)