ညောင်ဦး မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ မတ် ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားသည်။ ထို့နောက် ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ စလင်းမြို့နယ်၊ ဗန်မော်မြို့နယ်၊ တန့်ဆည်မြို့နယ်၊ မြင်းခြံမြို့နယ်၊ စစ်တွေမြို့နယ်၊ လာရှိုးမြို့နယ်၊ ပုလဲမြို့နယ်၊ မတ္တရာမြို့နယ်များမှ ယာယီနေရပ်စွန်ခွာပြည်သူများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ယာယီရွှေ့ပြောင်းနေထိုင်သည့် ပြည်သူ (၇၃၁) ဦးအတွက် ပဉ္စမအကြိမ်မြောက် ထောက်ပံ့သည့် ၂၀၂၅ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အကျုံးဝင်သူများ နိုင်ငံတော်အစိုးရမှ လွှဲပြောင်းပေးပို့လာသည့် ထောက်ပံ့ငွေ (၄၃.၈၆၀) သန်းအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အတူ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က ကာယကံရှင်များလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း