သီတင်းကျွတ်လမြတ်အခါသမယ ကုသိုလ်ကောင်းမှုပြုခြင်း၊ စတုဒိသာများကျွေးမွေးခြင်းများဖြင့်စည်ကား
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၊ သီတင်းကျွတ်လမြတ်အခါသမယ၌ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများ၌ ဆွမ်းတော်ကြီးတင်ပွဲများ ဆောင်ရွက်ခြင်း၊ ဝတ်ရွတ်အဖွဲ့များမှ အဘိဓမ္မာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ စေတနာရှင်မိသားစုတို့မှ စတုဒိသာများကျွေးမွေးခြင်း၍ နိဗ္ဗာန်ဈေးပွဲတော်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။