ကျောက်ပန်းတောင်းမြို့၌ အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားစကားပြောသင်တန်းများ ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ပေးလျက်ရှိသည့် အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားစကားပြောသင်တန်းများကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လွတ်လပ်ပျော်ရွှင်စွာ လေ့လာသင်ယူလျက်ရှိကြသည်။