ပန်းတနော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ပန်းတနော် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍  မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခြင်းကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ နာရီက ပန်းတနော်မြို့နယ်မီးသတ်ရုံး၌ ပြုလုပ်သည်။ 

ထိုသို့ ပြုလုပ်ရာတွင် ပန်းတနော်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦးဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် အဆောက်အအုံအတွင်းမှလူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်းနှင့် အခြားသောသဘာဝဘေးအန္တရာယ်များကျရောက်လာပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လျှင်မြန်စွာတုံ့ပြန်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးသုံးပစ္စည်းများကိုလည်း စနစ်တကျ စီစဉ်ထားရှိကြောင်း မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးထံမှ သိရသည်။ 

မြို့နယ်