မန်တုံ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများနှင့် ကလေးငယ်များ အတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက် ပေးလျက် ရှိသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ်များနှင့် ကျောင်းသား/သူများအတွက် ဗဟုသုတရရှိ စေရန် မန်တုံမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ/ရသ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များ၊ စက္ကူအရုပ်ခေါက်ခြင်းအစီအစဉ်များနှင့် ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းအစီအစဉ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
မန်တုံ