ကန်ကြီးထောင့် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့ပေါ်စျေးဆိုင်များနှင့် ဒါးကတွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေးအသိပေးခြင်း လုပ်ငန်းကို ယမန်နေ့ နေ့လည်အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးဆောင်ရွက်ရာတွင် ကန်ကြီးထောင့် မြို့မဈေးနှင့် ဒါးကမြို့အတွင်းရှိ ဆိုင်ခန်းများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားမှုအား စျေးကော်မတီဝင်များသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဒါးက မြို့မစျေးအတွင်း ယခင်ကတည်းက ပိတ်ထားသော စျေးဆိုင်များနှင့် ယခုလက်ရှိပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးဆိုင်များစာရင်းများ ကြိုတငိစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွတ်ခဲ့ကြောင်း သတင်းရရှိသည်။
မဇင်