လှိုင်းဘွဲ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နိုင်ငံတော်ကော်စီမှထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပေးကြေညာခြင်းကို ယမန်နေ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့်တာဝန်ရှိသူများက အကြမ်းဖက်အဖွဲ့များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေ မည့် အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ လက်ခုတ်တီးခြင်း၊ သံပုံးတီးခြင်းနှင့် ကားဟွန်းတီးခြင်း စသည်ဖြင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိရာ ပြည်သူများအနေဖြင့် လိုက်ပါဆောင်ရွက်ပါက ဥပဒေနှင့်အညီ အရေးယူခံရနိုင်သည်ဟု နိုင်ငံတော်ကော်စီမှ ထုတ်ပြန်ကြေငြာခြင်း၊ ပြည်သူများအနေဖြင့် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြစ်စေ၊ တစ်နည်းနည်းနဲ့ဖြစ်စေ အများပြည်သူ နှောက်ယှက်မှုများ ပြုလုပ်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ငန်းများကို လိုက်ပါဆောင်ရွက် ခြင်းမပြုလုပ်ကြရန်၊ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း လိုက်လံကြေညာခြင်းကို လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)