ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အိုမီခရွန်(Omicron)ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဇန်နဝါရီ  ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  အိုမီခရွန်(Omicron)ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အိုမီခရွန်(Omicron)ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဘားအံမြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ၊ ဒေါက်တာခင်မိုးအေးက ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူအနည်းငယ်ရှိသေးကြောင်း၊ အိုမီခရွန်ရောဂါသည် ကူးစက်မှုအမြန်ဆုံး ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကို ကရင်ပြည်နယ်နှင့် ဘားအံမြို့တွင် မတွေ့ရှိသေးကြောင်း၊ မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါ ကူးစက်သူ (၂၆-၁-၂၀၂၂)ရက်နေ့အထိ (၁၈၃)ဦးရှိပြီး ဖြစ်ကြောင်း၊  အိုမီခရွန်ရောဂါသည် ကိုဗစ်-၁၉ ရောဂါထက် ပိုမိုကူးစက်မှုမြန်သော်လည်း သေဆုံးမှုနည်းပါးကြောင်း၊ ဥပမာအားဖြင့် ကူးစက်မြန်ဝက်သက်ရောဂါသည် (၁၂)ရက်အတွင်း လူ(၁၅)ယောက်ခန့် ကူးစက်သော်လည်း အိုမီခရွန်ရောဂါမှာ (၁၂)ရက်အတွင်း လူ(၂၀၀)ခန့်ကူးစက်နိုင်ကြောင်း၊ ရောဂါလက္ခဏာများအနေဖြင့် ကိုယ်လက်ကိုက်ခဲခြင်း၊ နာရည်ယိုခြင်း၊ အနံ့အရသာပျောက်ဆုံးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း စသည်တို့သည် ကူးစက်မြန်အိုမီခရွန်ရောဂါ၏ က္ခဏာများဖြစ်ကြောင်း၊ အိုမီခရွန်ရောဂါကူးစက်ခံရမှုမရှိအောင် လက်ဆေးခြင်း၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင်နေထိုင်ခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)