ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထားဝယ်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ထားဝယ်မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လမ်းပန်းဆက် သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးကို အကျိုးပြုစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့၌ Mobil Library မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် စာအုပ်များငှားရမ်းပေး

သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့ နံနက် ၁၁ နာရီက Mobil Library မော်တော်ယာဉ်ဖြင့် ဇလွန်ကျေးရွာ မူလွန်ကျောင်းသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။

အ.ထ.က(မြို့လှ)တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ၊ မြို့လှမြို့ အ​ခြေခံပညာ အထက်တန်း​ကျောင်းတွင် ဖေဖေါ်ဝါရီလ ၈ ရက် နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖလား  ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မအောက်ပိုင်း ဘောလုံးကွင်းတွင်  ပြည်ထောင်စုငြိမ်းချမ်းရေးဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ (၁၃)ရက်နေ့မှစတင်၍ ကျင်းပခဲ့ရာ ဖေဖော်ဝါရီ (၇)ရက်နေ့ ညနေ(၅)နာရီ၌ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။   

က​လေးများ​နေ့ အထိမ်းအမှတ်အကြို​ ဆေး​ရောင်ချယ်ပြိုင်ပွဲကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန​ ချောက်မူလတန်း ကြိုကျောင်း၌ က​လေးများ​နေ့ အထိမ်းအမှတ်အကြို​ ဆေး​ရောင်ချယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

လမိုင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ များ ကျင်းပပြုလုပ်သည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများ လာရောက်လေ့လာ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ ဘားအံမြို့ပေါ်ရှိ ကျောင်းသား/သူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။

သရက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရေး သရက်စိုက်ပျိုးထုတ်လုပ်နည်းပညာပေး သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ သရက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဒေသထွက်သီးနှံများ စျေးကွက်ဝင် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ကို ပိုမိုသိရှိနိုင်စေရန် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ကန့်ဘလူသရက်ခြံ ဧက ၁၀၀ ဌာနတို့ပူးပေါင်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၈ ရက်နံနက် ၁၀ နာရီက သရက်စိုက်ပျိုး ထုတ်လုပ်နည်းပညာပေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မင်းလှ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီချိန်က အ.ထ.က မင်းလှ (မြို့ပြင်)ကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ( Talk Show) ပြုလုပ်

ကိုဗစ်-၁၉ကာလတွင် အများပြည်သူအသိပညာ ဗဟုသုတရရှိစေရန်အတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to