လမိုင်း ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ များ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဖြူဖြူအေး ကပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်(၂၃)ဦးတို့ သမိုင်းဝင် ပင်လုံစာချုပ်အား လက်မှတ် ရေးထိုးမှုကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိလာပုံအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို အမှတ်ရစေရန် ရည်ရွယ်ကြောင်း ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအား ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အခြေခံပညာမူလတန်းကျောင်း(အ.မ.က)ဘူတာကုန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဖြူဖြူအေး(ပြန်/ဆက်)