သံတွဲ ဖေဖော်ဝါရီ ၈
သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့ နံနက် ၁၁ နာရီက Mobil Library မော်တော်ယာဉ်ဖြင့် ဇလွန်ကျေးရွာ မူလွန်ကျောင်းသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။
ထိုသို့ငှားရမ်းရာတွင် ကျေးရွာနေပြည်သူများ ဆရာ၊ ဆရာမများမှ အားရဝမ်းသာစွာဖြင့် Mobile Library မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသစာအုပ်များကို ငှားယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ငှားပေးခြင်းမှာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များကို လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးတို့အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
ခရိုင်ပြန်/ဆက်