အ.ထ.က(မြို့လှ)တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရေတာရှည် ဖေဖေါ်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ၊ မြို့လှမြို့ အ​ခြေခံပညာ အထက်တန်း​ကျောင်းတွင် ဖေဖေါ်ဝါရီလ ၈ ရက် နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ​ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်​ရွှေသင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထက်တန်းပြဆရာမ ဒေါ်သင်းသင်း က ပြည်​ထောင်စု​နေ့အ​ကြောင်း သိ​ကောင်းစရာများကို ဟော​ပြော​ဆွေး​နွေးခဲ့သည်။

ဆက်လက်၍ ကျပန်းစကား​ပြောပြိုင်ပွဲတွင် ဆုရရှိသူများကပြိုင်ပွဲဝင် ကျပန်းစကား​​ပြော​ခေါင်းစဉ်များဖြင့် ပြန်လည်​ပြောပြခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဆုချီးမြှင့်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

မြို့နယ်