ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ၌ အသစ်တည်ဆောက်ဖွင့်လှစ်သွားမည့် အားကာသိပ္ပံကျောင်းမြေနေရာနှင့် ကျောင်းအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။