သံဖြူဇရပ် ဖေဖော်ဝါရီ ၈
ကိုဗစ်-၁၉ကာလတွင် အများပြည်သူအသိပညာ ဗဟုသုတရရှိစေရန်အတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်၊ မြို့နယ် စာရေးဆရာအသင်းမှ အတွင်းရေးမှူး စာရေးဆရာ ဦးမင်းကျော်ဝင်းက ပြည်ထောင်စုနေ့ဆိုတဲ့ ဝေါဟာရအကြောင်း၊ မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်ကို ကျရောက်ပြီး သူ့ကျွန်ဘဝဖြစ်ခဲ့ပုံအကြောင်း၊ အောင်ဆန်းအက်တလီ စာချုပ်ချုပ်ဆိုခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ်(၂၃)ဦး လက်မှတ်ရေးထိုးပြီး ပင်လုံစာချုပ်ကြီးချုပ်ကို ဖြစ်ခဲ့ပုံနှင့် တိုင်းရင်းသားပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုကို ပြသခဲ့တဲ့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံတို့ကို ဆွေးနွေးပြောကြား ခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် Onlineမှတစ်ဆင့် ပြည်သူများအား အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အေးအေးမွန် (ပြန်/ဆက်)