ဘားအံ ဖေဖော်ဝါရီ ၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ ဘားအံမြို့ပေါ်ရှိ ကျောင်းသား/သူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ပြတိုက်ငယ် Mini Museum သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ပြတိုက်ငယ် Mini Museum တွင် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသား ယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ ကရင်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ကရင်ဘာသာ ဖြင့် ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ ကျောင်းသင်ခန်းစာများ၊ ကရင်ပြည်နယ်မှထွက်ရှိသော သဘာဝတွင်းထွက် ကျောက်များအကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ လယ်ယာသုံး ပစ္စည်းများ အကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အထင်ကရ ဂူဘုရားသမိုင်းများ အကြောင်းများကို ရှင်းလင်း ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)