က​လေးများ​နေ့ အထိမ်းအမှတ်အကြို​ ဆေး​ရောင်ချယ်ပြိုင်ပွဲကျင်းပ

ချောက် ဖေ​ဖော်ဝါရီ ၈

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန​ ချောက်မူလတန်း ကြိုကျောင်း၌ က​လေးများ​နေ့ အထိမ်းအမှတ်အကြို​ ဆေး​ရောင်ချယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

မြန်မာနိုင်ငံက​လေးများ​နေ့ အထိမ်းအမှတ်အကြို ဆေး​ရောင်ချယ်ပြိုင်ပွဲကို ယင်း​ကျောင်းရှိ​ကျောင်းသား​၊ ကျောင်းသူ​လေးများက ဗိုလ်ချုပ်​အောင်ဆန်းရုပ်ပုံတူဖြင့်​ ဆေး​ရောင်ချယ် ယှဉ်ပြိုင်ခဲ့ကြသည်​ဆေး​ရောင်ချယ်ပြိုင်ပွဲတွင် ကြီးကြပ်ဒိုင်များအဖြစ် ချောက်မြို့နယ် အ.လ.က(ခွဲ) ​ကိုင်း​ထောက်ကန်ကျောင်း၊​ ကျောင်းအုပ်ကြီး ဦးသိန်းနိုင်၊​ ချောက်မြို့ အ.ထ.က(၄)​​ အေး​စေတီကျောင်း၊ ဆရာဦး​အောင်မျိုးသန်းတို့မှ ဆေး​ရောင်ချယ် သဘာဝ ကျမှု၊​ ဆေးသား​ပြေပြစ်မှု၊ သပ်ရပ်သန့်ရှင်းမှု၊ အလင်းအ​မှောင်ပုံရိပ်​ပေါ်မှု၊ အနီးအ​ဝေးမြင် ပါဝင်မှုတို့ဖြင့် ရမှတ်များကို ကြည့်ရှုဆုံးဖြတ်​ပေးခဲ့သည်။

ဆေး​ရောင်ချယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုတံဆိပ် နှင့် အမှတ်တရ လက်​ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ကျန်ရှိ​သော ​ကျောင်းသား၊ ကျောင်းသူအားလုံးကိုလည်း ​ဖေ​ဖော်ဝါရီ(၁၃)ရက်​နေ့ မြန်မာနိုင်ငံက​လေးများ​နေ့တွင် အမှတ်တရလက်ဆောင်ပစ္စည်းများ​ ပေးအပ်သွားမည်ဖြစ်​ကြောင်း​ချောက်မူလတန်း ကြို​ကျောင်း တာဝန်ရှိသူ ဆရာမထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)