ဘိုကလေးမြို့နယ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖလား  ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၈

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မအောက်ပိုင်း ဘောလုံးကွင်းတွင်  ပြည်ထောင်စုငြိမ်းချမ်းရေးဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ (၁၃)ရက်နေ့မှစတင်၍ ကျင်းပခဲ့ရာ ဖေဖော်ဝါရီ (၇)ရက်နေ့ ညနေ(၅)နာရီ၌ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။   

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဟိုင်းစီကျေးရွာ၊ ဆတ်ကျွန်းကျေးရွာ၊ မင်းဂံကျေးရွာ၊ ပဝိန် ကျေးရွာ၊ ကျွန်းညိုကြီးကျေးရွာ၊ ဘုရားချောင်းကျေးရွာ၊ မြင်းကကုန်းကျေးရွာ၊ စိန်ဟိုင်းကျေးရွာ၊ဒေါင့်ကြီး ကျေးရွာ၊ သကံဝကျေးရွာ၊ မဂူကျေးရွာ၊ ကဒုံကနိကျေးရွာ၊ ဟေမာန်ကျေးရွာ၊ ညီနောင်ဝ ကျေးရွာ၊ သာပေါင်းကျေးရွာ၊ ဖိုးဒီကွဲကျေးရွာ၊ သပြုကုန်းကျေးရွာစသည့် ကျေးရွာအသင်း (၁၇)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆုနှင့် ဆုဖလားအား ပဝိန်ကျေးရွာ၊ ဒုတိယဆုအား ကဒုံကနိကျေးရွာနှင့် တတိယဆုအား မြင်းကကုန်းကျေးရွာတို့မှ ရရှိခဲ့ကြောင်းနှင့် ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု၊ အနောက်တန်း ကစားသမားဆု၊ အလယ်တန်း ကစားသမားစု၊ အရှေ့တန်းကစားသမားဆုများ၊ ဂိုးသွင်းအများဆုံး ကစားသမားဆု၊ အကောင်း ဆုံး ကစားသမားဆု၊ အသန့်ရှင်းဆုံး‌ ဘောလုံးအသင်းဆုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဘောလုံးအသင်းချုပ်တို့ တက်ရောက်၍ ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)