မင်းလှ ဖေဖေါ်ဝါရီ ၈
၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီချိန်က အ.ထ.က မင်းလှ (မြို့ပြင်)ကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်း စာစောင်ကို ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လေ့လာ သိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ကမ်းစာစောင်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ် (၂၃) ဦးစာရင်း၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဆောင်းပါး၊ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းစသည်တို့ပါဝင်ကြောင်း သိရသည်။
ပေါက်စ မင်းလှ