မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ- တရုတ်ကုန်စည် စီးဆင်းမှု လုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကာကွယ်ထိန်းချုပ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ပုံမှန်စဉ်ဆက်မပြတ် စီးဆင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကန်ပိုက်တီ နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှု လုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက် နိုင်ရေး၊ တစ်ဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ရာ ပို့ကုန်/ သွင်းကုန်များ ပြန်လည်စီးဆင်းနိုင်ပြီဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ပို့ကုန်၊ သွင်းကုန်များကို စနစ်တကျသိုလှောင်ပြီး ကုန်တင်ယာဉ်မောင်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးကြပ် မတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ် ကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကန်ပိုက် တီနယ်စပ်ဂိတ်မှ တစ်ဆင့် ပို့ကုန်အဖြစ် တစ်ရှုးငှက်ပျောအပါအဝင် အခြားသီးနှံများ တင်ပို့နိုင်ခဲ့မှု အခြေအနေများနှင့် သွင်းကုန်များ လက်ခံနိုင်မှုအခြေအနေများ၊ တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်း ခဲ့မှုအခြေအနေများ၊ ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီပိုင် KEP ရုံးဝင်းအတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးထိန်းချုပ် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို အကြံပြုသုံးသပ်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ပြီး ပိုမိုကောင်းမွန်စနစ်ကျ သော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်စေရေး၊ သွင်းကုန်/ထုတ်ကုန်ညီမျှစွာ ဆောင်ရွက်သွားနိုင် ရေးနှင့် ကုန်စည်စီးဆင်းမှုများ အဆက်မပြတ် ဆောင်ရွက်သွားနိုင်ရေးကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယ လှိုင်းကို မိမိတို့အနေဖြင့် တက်ညီလက်ညီဖြင့် ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာကာ စတုတ္ထလှိုင်းအသွင် ဆောင်လာပြီဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ထိရောက်မြန်ဆန်သည့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်နှင့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုအခြေအနေများ၊ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များ၊ ခရိုင်နှင့်မြို့နယ်များအလိုက် Quarantine Center များ ကြိုတင်ရှာဖွေပြင်ဆင် ဆောင်ရွက် သွားမည့် ကိစ္စရပ်များ၊ ကုသရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် အောက်ဆီဂျင်စက်ရုံများ လည်ပတ်မှု အခြေအနေများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင် ရေး၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ပေါ့ဆစွာ နေထိုင်မှုမရှိစေဘဲ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများအတိုင်း ဆက်လက်နေထိုင်ကြရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆက်လက်နှိုးဆော် တိုက်တွန်းနိုင်ရေး စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အစည်းအဝေးခန်းမ၌ ဖားကန့်ဒေသ စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖားကန့်ဒေသမှ Green Land သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖားကန့်ဒေသတွင် ထိခိုက်ပျက်စီးသွား သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တော၊ သစ်ပင်များဖြင့် ပြန်လည် စိမ်းလန်းစိုပြေရေး ဥရုချောင်းထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စွန့်ပစ်မြေစာပုံများတွင် သစ်ပင်စိုက် ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် ဖားကန့်ဒေသရှိ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများအကြား ပူးပေါင်းချိတ်ဆက်မှု အားကောင်းစွာ ဆောင်ရွက်နိုင်ရေး၊ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်တွင် ဖားကန့်ဒေသအတွက် ပျိုးပင်များ ပိုမိုဖြန့်ဝေပေးနိုင်ရေး စသည့် လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။
ပြည်နယ်ပြန်/ဆက်