အင်္ဂပူ ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်္ဂပူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည် ၂ နာရီက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show အစီအစဉ်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အ.မ.ကအမှတ်(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ထွန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသင့်ပုံ၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၏ အရေးပါပုံ၊ ပင်လုံစာချုပ်ချုပ်ဆိုမှုကြောင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ စသည့်ဖြင့် ပြည်ထောင်စု နေ့အကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)