(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခမ်းအနားမှူး (Master of Ceremony) စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ခန္တီး ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် အခမ်းအနားမှူး (Master of Ceremony) စွမ်းဆောင်ရည်မြှင့်တင်ရေးသင် တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်က အဖွင့်အမှားစကားပြောကြားပြီး ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြေားကြားခဲ့သည်။ အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဦးဇေယျာဝင်းက ဆွေးနွေးပို့ချကာ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများ တက်ရောက်ကြမည်ဖြစ်သည်။

၎င်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒီဇိုင်း(ရတနာမြေ)