ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မောင်တော ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့အသိပညာပေး ဟောပြောရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် ပေါ်ပေါက်လာပုံ၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ၂၀၁၉ ၊ ကလေးသူငယ်များအပေါ် ကာကွယ်ပေးရမည့် အခြေအနေများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများစသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြရာ သိလိုသည်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး