ရွှေဘို ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ ရွှေဘို မူလတန်းကြိုကျောင်း စုဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ယနေ့တွင် ကျရောက်မည့် ကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ရွှေဘိုမူလတန်းကြို ကျောင်းမှ ကျောင်းသား/သူ(၉၉)ဦးတို့ကို ကာယပြိုင်ပွဲအဖြစ် မုန့်စားပြိုင်ပွဲ၊ ပူဖောင်း ဖောက်ပြိုင်ပွဲ၊ နို့ဆီဘူးဆင့်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ပုတီးသီပြိုင်ပွဲများ၊ ဘောလုံးပိုက် ပြေးပြိင်ပွဲများနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ အနေဖြင့် သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ များကျင်းပခဲ့သည်။
ထို့နောက်ဆုပေးပွဲအဖြစ် ပထမဆု(၂၃)ဆု၊ ဒုတိယဆု(၂၃)ဆုနှင့် တတိယဆု(၁၆)ဆု အသီးသီး ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများအား အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ရွှေဘိုခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)