ချောက်မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ချောက် ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ချောက်မူလတန်းကြိုကျောင်း၌ မြန်မာ့နိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲတွင် ဆုရရှိသည့်ကလေးများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပသည်။

ရှေးဦးစွာကျောင်သား၊ ကျောင်းသူလေးများမှ ‘‘ကလေးများနေ့"သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကလေးများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါဆုရရှိသည့် ကလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစောမြဖောင်း၊ ဆရာမကြီးဒေါ်ခင်စိုးမိနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာ အသင်းအဖွဲ့ဝင် များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို ကာယပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ ပုံပြော၊ ကဗျာရွတ်နှင့် သီချင်းဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့်ဆုရရှိသည့် ကလေးများကို ဆုတံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်ရှိသော ကလေးများအားလုံးကိုလည်း အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)