မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျွန်းစုမြို့၌ ကျင်းပ

ကျွန်းစု ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြိတ်ခရိုင်၊ လူမှုဝန်ထမ်းဌာနမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများအား ကလေးများက သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲမှ ဆုရကလေးများနှင့် ဉာဏစွမ်းရည်ဖျော်ဖြေပွဲတွင် ဖျော်ဖြေခဲ့သည့် ကလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

CTRA(Kyunsu)