(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မိုင်းဆတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မိုင်းဆတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ ညနေ(၅)နာရီခွဲက အောင်ဇေယျဘက်စုံ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မိုင်းဆတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီလ(၂၆)ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် အသင်း(၈)သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ ကြပြီး ပထမဆုရရှိသည့် Young Boys-FC အသင်းအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦးက ချန်ပီယံဆုဖလား၊ ဆုဆွဲပြားနှင့် ဆုငွေ(၇)သိန်းကျပ်အား လည်းကောင်း၊ ဒုတိယဆုရရှိသည့် Auto Boss -FC အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဆုဆွဲပြားနှင့် ဆုငွေ(၅)သိန်း ကျပ်အား လည်းကောင်း၊ တတိယဆုရရှိသည့် Diomond-FC အသင်းအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်က ဆုဆွဲပြားနှင့် ဆုငွေ(၃)သိန်းကျပ်အား လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ဂိုးအကောင်းဆုံးဆု၊ နောက်တန်းကစားသမားအကောင်းဆုံးဆု၊ အလယ်တန်း ကစားသမားအကောင်းဆုံးဆု၊ ရှေ့တန်းကစားသမား အကောင်းဆုံးဆု၊ အတိုးတက်ဆုံးလူငယ်ကစားသမားအကောင်းဆုံးဆုနှင့် အကောင်းဆုံး ဘောလုံးသမားဆု တို့ကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူတို့က ချီးမြှင့်ပေးအပ်ကြရာ အသင်းအလိုက် ကစားသမားများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)