ညောင်ဦး ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ အရန်မီသတ်တပ်ဖွဲ့ဝင်များသည် ညောင်ဦးမြို့နှင့် ပုဂံမြို့တွင်းလမ်းများ သန့်ရှင်းသာယာ လှပစေရေးအတွက် အမှတ်(၃)၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ သည် ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့မှပုဂံ မြို့သွား လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း ရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ အမှတ်(၃) အရန်မီးသတ်တပ်ဖွဲ့၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ ဝင်များသည် ညောင်ဦး၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားပြည်သူများ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများ လာရောက်ဖူးမြှော်ကြသည့်အခါ လမ်းဘေးဝဲယာမှ ဘုရားများအား ကားပေါ်မှဖြစ်စေ၊ ဆိုင်ကယ်ပေါ်မှဖြစ်စေ၊ ခြုံ၊ နွယ်၊ မြက် များရှင်းလင်းစွာဖူးမြှော်နိုင်စေန် ရည်ရွယ်ပြီး သန့်ရှင်းရေးပြုလုပ်ကြကာ ညောင်ဦး-ပုဂံ သွားလမ်းဘေးဝဲယာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ပေါ်နှင့် ပုဂံမြို့ပေါ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အရေးပေါ်မီးငြိမ်းသတ် တာဝန်များကို ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူမှုကူညီရေး ပရဟိတလုပ်ငန်းများကိုလည်း အချိန်၊ နေရာ၊ ဒေသမရွေး ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းမှသည် ယနေ့ထက်တိုင် စွမ်းစွမ်းတမံ ကူညီလုပ်ကိုင်ပေးနေသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြစ်ကာ ကူညီပေးနိုင်မည့် ဖုံးနံပါတ်များကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရပ်ကွက်အလိုက် အရန်မီးသတ် Page များလွှင့်တင်ကာ လုပ်ငန်းဆောင်တာများ ဖော်ပြပေး လျက်ရှိကြောင်း အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ ဦးဖိုးသားမှ ပြောကြား၍သိရကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ သန့်ရှင်း သာယာလှပစေရေး ပေါက်ပြား၊ ထွန်ယက်၊ မြက်ရှင်းစက်များ၊ လမ်းပိတ်စို့မှု ဖြစ်ပေါ်ချိန် အရေးပေါ်ရှင်းလင်းရန် ချိန်းဆောများ၊ မိုးရာသီ ဘုရားများအတွင်း ရေထုတ်ရှင်းလင်းရန် ရေစုပ်မီးစက်များကို အမှတ်(၁)၊ (၂)(၃)၊ (၄)၊ (၅)၊ (၆) အရန်မီးသတ်တပ်ဖွဲ့တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ ဦးဖိုးသားဖုံး ၀၉-၄၀၁၃၄၄၀၇၅ သော်လည်းကောင်း၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဖုန်း ၀၉-၄၀၂၇၅၃၈၉၆ မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ကိုထိန်