မိုးမိတ် ဖေဖော်ဝါရီ ၁၄
မိုးမိတ်ခရိုင် မိုးမတ်မြို့နယ်တွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများသည် ယမန်နေ့က နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် တောင်ပိုင်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု များသို့ အိမ်တိုင်ရာရောက် (Home Service) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားအသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများပျောက်ဆုံးသူများအား အသစ်ပြန်လုပ်ပေး ခြင်း၊ ၂၀၂၀ မဲစာရင်းတွင် နိုင်နံပါတ်ဖြည့်သွင်းခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ကို မေလ ၃ ရက်စတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်း စသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများအားလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးရုံးမှ သိရသည်။
မိုးမိတ်သား (ခရိုင်ပြန်/ဆက်)