မိုင်းလုံမြို့တွင် အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်

မိုင်းလုံ  ဖေဖော်ဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  အသိပညာပေးနှိုးဆော်ချက်များကို ယနေ့ နံနက် (၉)နာရီအချိန်က  မြို့ပေါ်ရပ်ကွက် များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မျိုးဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် တွေ့ရှိလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူ များအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ် -၁၉နှင့် လုံးဝမတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း၊  ကာကွယ်ဆေးများကို လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေ အတွက် ပြည့်ဝစွာ ထိုးနှံကြပါရန်နှင့်  ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန် စသည့်အချက်များကို လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)