အထက်မင်းလှ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဗီဇ ပြောင်းမျိုးကွဲသစ် အိုမီခရွန် (Omicron) ကူးစက်ပျံ့ပွားမှု မရှိ စေရန်နှင့်ကြိုတင်ကာကွယ်ရေးအသိပညာ ပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမှတ်(၇)ရပ်ကွက်သို့ သွားရောက် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် ကူးစက် ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများရှိနေပြီး မင်းလှမြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသည့် အတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက် ကြရန်၊ နေအိမ်ပြင်ပ ထွက်ခွါပါက နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် အကြိမ်ရေပြည့် အောင် မပျက်မကွက်ထိုးနှံပေးကြပါရန် စသည့် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)