ကျောက်ဆည်မြို့နယ် လက်ပန်ဇင်ကျေးရွာတွင် မုံလာဉ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည်  ဖေဖော်ဝါရီ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လက်ပန်ဇင်ကျေးရွာတွင် မုံလာဥ စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် တောင်သူ များအနေဖြင့် ဆင်စွယ်မုံလာဥမျိုးကိုသာ အဓိထား စိုက်ပျိုးလျက်ရှိရာ သဲနုံမြေတွင်စိုက်ပျိုးပါက  ကောင်းစွာဖြစ်ထွန်းကြေင်း သိရှိရ သည်။

မုံလာဥ(၁)ဧကစိုက်ပျိုးမည်ဆိုပါက ငွေကျပ်(၂)သိန်းခွဲမှ ငွေကျပ်(၃)သိန်းကျော်အထိ ကုန်ကျကြောင်း၊ ဈေးကောင်းသည့်နှစ်များတွင် မုံလာပွဲစား များက မုံလာဥစိုက်ခင်းနေရာအထိ လာရောက်ကြည့်ရှုကြပြီး အခင်းအပြတ်ဝယ်ယူမှုများရှိကြောင်း၊ ဈေးမကောင်းသည့်နှစ်များတွင် တစ်နိုင် တစ်ပိုင်ဝယ်ယူပြီး တစ်ဆင့် ရောင်းချသည့် နယ်လှည့်ဈေးသည်များထံ လက်လီရောင်းချရကြောင်း ယခုနှစ်တွင် မုံလာဥ စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသဖြင့် မုံလာစိုက်တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်း တောင်သူ ဦးညိုတင်က ပြောပြသည်။

မုံလာဥပင်သည် ဆောင်းသီးနှံဖြစ်သဖြင့် တောင်သူများအနေနှင့် သီတင်းကျွတ်လမှ စတင်ကာ စိုက်ပျိုး ကြသော်လည်း ဇော်ဂျီမြစ်ဘေးရှိ သဲနှုန်းမြေများတွင် တစ်နိုင်တစ်ပိုင်နှစ်ပတ်လည် စိုက်ပျိုးရောင်းချ လျက်ရှိကြောင်း၊ မုံလာဥ(၁)ဧက စိုက်ပျိုးမည်ဆိုပါက ဆင်စွယ်မျိုးစေ့ထုပ်(၃) ထုပ် အသုံးပြုစိုက်ပျိုးရ ကြောင်း စိုက်ပျိုးရာတွင် ပက်ကြဲစနစ်၊ တန်းဆွဲစိုက်စနစ်၊ ဘောင်စိုက်စနစ်ဟူ၍ အမျိုးမျိုး စိုက်ပျိုးနိုင် ကြောင်း  စိုက်ပျိုး ပြီး အပင်(၄၅)ရက်သားတွင် ရောင်းတန်ဝင်မုံလာဥများဖြစ်လာကာ ဈေးကောင်းပါက စတင်ရောင်းချနိုင်ကြောင်း လက်ပန်ဇင်ကျေးရွာမှ တောင်သူဦးမောင်စိုးက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)