ကျောက်ကြီးမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ပဲခူးရပ်ကွက် ကွက်သစ် (၂)လမ်းနှင့် အထက(ခွဲ) ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်

ကျောက်ကြီး ဖေဖော်ဝါရီ ၁၈

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ပဲခူးရပ်ကွက် ကွက်သစ် (၂)လမ်းနှင့် အထက(ခွဲ) ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းများအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ - ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ဌာနမီနီဘတ်ဂျက် (၇.၃၈၉) ကျပ်သန်းဖြင့် ကွက်သစ် (၂)လမ်း ပေအရှည် (၃၁၅)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအားလည်ကောင်း၊ ဌာနမီနီဘတ်ဂျက် (၇.၃၈၉) ကျပ်သန်းဖြင့် အထက(ခွဲ) ကျောင်းလမ်းပေအရှည် (၃၁၅)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် မတ်လအတွင်း လုပ်ငန်းများအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

 အဆိုပါ လုပ်ငန်းများ ပြီးစီးသွားပါက ရပ်ကွက်နေဒေသခံ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)