ခမောက်ကြီးမြို့တွင် အိုမိခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေးလျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ် လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူ သိရှိလိုက်နာ နိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့ နံနက်ပိုင်းက လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။