သာကေတမြို့နယ်၌ကိုဗစ်-၁၉ပိုးတွေ့လူနာများထားရှိမည့်positive center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများမှကြည့်ရှုစစ်ဆေး

သာကေတ     ဖေဖော်ဝါရီ   ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊သာကေတမြို့နယ်အတွင်းရှိကိုဗစ်-၁၉ positiveလူနာများထားရှိမည့် positive center များပြင်ဆင်ဆောင်ရွက်ခဲ့ရာပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ အားယမန်နေ့ညနေ ၅ နာရီခွဲအချိန်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုး စိုးဇော်၊ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးသက်တင်အောင်တို့ပါဝင်သော အဖွဲ့ဝင်များမှကြည့်ရှု့စစ်ဆေးကာလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့်ကိုဗစ်-၁၉ပိုးတွေ့ လူနာများထားရှိရန်အတွက်ဇိနမာရ်အောင် စေတီတော်ဝင်းအတွင်းရှိဝိမုတ္တိရ သဓမ္မဗိမာန်နှင့် ဝိမုတ္တိသုခဓမ္မာရုံ တို့တွင်လည်းကောင်း၊ရပ်ကွက်အဆင့်ကိုဗစ်-၁၉ပိုးတွေ့လူနာများ ထားရှိရန်အတွက် ၇/ အရှေ့ရပ်ကွက်ဝိရိယာဓိက ဓမ္မာရုံ၊(၈)ရပ်ကွက်သာသနာရက္ခိတဓမ္မာရုံ တို့တွင် ပြင်ဆင်ထားရှိမှုအခြေအနေအားတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးမှာကြားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်မှpositive center ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်မှမြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးပရဟိတအဖွဲ့များမှကိုဗစ်-၁၉ positive center ထားရှိရန် ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရန်၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်လမ်းညွှန်ညှိနှိုင်းခဲ့သည်။

အဆိုပါကိုဗစ်-၁၉posotive လူနာများထားရှိမည့်positive center များအားတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးတွေ့ဆုံရာ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဇော်ဝင်းထွန်းနှင့် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရဲမင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်မြို့နယ် လူမှုရေးပရဟိတအဖွဲ့များမှ တွေ့ဆုံခဲ့ပြီးလိုအပ်သည်များ အားပေါင်းစပ်ညှိနှိုင်းကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)