ကျိုက်ဒုံ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျိုက်ဒုံမြို့ဌာန ဆိုင်ရာ ဝန်ထမ်း (၆၃) ဦးအား ကာကွယ်ဆေး (Booster Dose) ထိုးနှံ ပေးခဲ့ကြောင့် သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)