သာကေတ ဖေဖော်ဝါရီ ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုလျော့နည်းစေရန်နှင့် ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာယမန်နေ့ညနေ ၄ နာရီအချိန်၌ ၄/မြောက်ရပ်ကွက်အတွင်းရှိလမ်းမတစ်လျှောက်၌ အသိပညာပေးနှိုးဆော်မှုနှင့်Mask Campaing ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းအားသာကေတမြို့နယ်အတွင်းရှိရပ်ကွက်(၁၉)ရပ်ကွက်အလိုက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီအောင်၏လမ်းညွှန်မှုဖြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်မြို့နယ်ပရဟိတအဖွဲ့များ၊လူမှုကူညီရေးအသင်းတို့မှပူးပေါင်းဆောင်ရွက်ခဲ့ရာ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ အောင်ဇေယျ လူမှုကူညီရေးအဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ ပြည်သူများအိမ်ပြင်သို့ ထွက်တိုင်းMaskများတပ်ဆင်ကြရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaing ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့ပြင်၄/မြောက်အတွင်းရှိ ပြည်သူများမှကိုဗစ်-၁၉ positiveပိုးတွေ့ရှိလျှင်ထားရှိရန် positive centerအဖြစ်၄/မြောက် ရပ်ကွက်သဗ္ဗမင်္ဂလသာ့သနာ့ဗိမာန်၊ ယောဂီဆောင်၌ ယာယီပြင်ဆင် ဆောင်ရွက်ထားကြောင်းသိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)