မိုးနဲ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အမှတ်(၃) ပေါ့မိုင်းအခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုဘိုင်းစနစ်ဖြင့် အခမဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာတိုးပွားလာခြင်း၊ လွယ်လင့်တကူကျောင်းစာကြည့်တိုက်တွင်ငှားရမ်းဖတ်ရှုနိုင်ခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာခြင်းတို့အပြင် ဗလငါးတန်နှင့်ပြည့်စုံစေမည်ဖြစ်သည်။ ထိုသို့ စာအုပ်စာစောင်များအား ကျောင်းစာကြည့်တိုက်သို့ငှားရမ်းပေးခြင်းကို အပတ်စဉ်လဲလှယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို