ရေနံချောင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်   ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်များအလိုက် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားလျက်ရှိသည်။

ကော့ကရိတ်မြို့နယ်၌ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံအထွက်နှုန်း တိုးတက်ရေး နည်းပညာဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  စိုက်ပျိုးရေးတောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံအထွက်နှုန်းတိုးတက်ရေး နည်းပညာဆွေးနွေးပွဲကို ကော့ကရိတ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူး၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးတောင်သူ စုစုပေါင်း (၃၀) ဦး တက်ရောက်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/‌ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်းတိုးပွာစေ‌၍ အသိပညာဗဟုသုတများ ဖလှယ်တက်စေ‌ရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က (ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး တက်ရောက် 

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၂၅) အစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင်  တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 မိတ္ထီလာခရိုင်၌  မိုးစပါးစိုက်ပျိုးဧက ၉၄၆၈၉ ဧကစိုက်ပျိုးပြီး မိုးစပါးများ စတင်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧက ၉၄၆၈၉ ဧက စိုက်ပျိုးပြီး ၎င်းမိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

လင်းခေးခရိုင်Community Centre ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းခေးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာနCommunity Centre ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများနှင့် ကတ်မပြုလုပ်ရ‌သေးသူများအား ကွင်းဆင်းဆောင်ရွက်ပေး

‎လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးနေသူများနှင့် ကတ်မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းမှစတင်ကာ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းဖြတ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းကို တိုင်းရင်းသားဘာသာစကားဖြင့် လှည့်လည်အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းကို တိုင်းရင်းသားဘာသာစကားဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပူးပေါင်းဆောင်ရွက်ခဲ့‌သည်။
Subscribe to