သထုံ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှစီစဉ်ကျင်းပသည့် မြို့နယ်အဆင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မီဥက္ကဋ္ဌ ဦးဇော်မိုးစိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးချမ်းငြိမ်းခန့်က ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ၃၇ ခုတို့မှ အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး စုစုပေါင်း ၇၄ ဦးတို့တက်ရောက်ကြပြီး နည်းပြလေးဦးတို့က ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲခွဲလုပ်ငန်းလမ်းညွှန်တို့ကို တစ်ရက်ကြာ ရှင်းလင်းပို့ချသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သထုံခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်