ကျိုင်းလပ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့ နံနက်က နယ်မြေရဲစခန်းရှိ အိမ်ထောင်သည်လိုင်းခန်းသို့ သွားရောက် ငှားရမ်းခဲ့ကြသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာကြည့်တိုက်သို့ လာရောက်ရန်အခက်အခဲရှိသည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှု့လေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန်ရည်ရွယ်၍ ငှားရမ်းပေးခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြကာတွန်း အပါအဝင် စာအုပ်ပေါင်း (၅၀)ကို ယူဆောင်၍ ကျိုင်းလပ်နယ်မြေရဲစခန်းရှိ အိမ်ထောင်သည်လိုင်းခန်းရှိ စာဖတ်ပရိတ်သတ်များထံ အရောက်သွား၍ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်အပ်နှံမှုကို ပြန်လည်လက်ခံခြင်း၊ စာအုပ်စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဦးစီးဌာနအနေဖြင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများလေ့လာဖတ်ရှု့ခွင့်ရရှိကြပြီး စာပေချစ်မြတ်နိုးသူများအနေဖြင့်လည်း စာပေနှင့်ဝေးကွာခြင်းမရှိဘဲ အဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)