မြဝတီမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများသိရှိစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးကျော်မင်းခိုင်မှ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၅၆လမ်း၊ ၁၄၂ (အေ) လမ်းထောင့်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်တွင် ယမန်နေမွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသော အိမ်ထောင်စု ၃၇၀ စုတို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

သာယာဝတီမြို့နယ်၌ ရေဆင်းပေါ်ဆန်းစပါး တစ်ကွင်းတစ်စပ်တည်းဧက(၁၀၀) စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချောင်းသုံးခွကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၉၈) ရှင်းလင်းဆောင်တွင် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းတို့မှ တစ်ကွင်းတစ်စပ်တည်း ရေဆင်းပေါ်ဆန်း စပါးဧက(၁၀၀)စိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံ၍ ယခုစိုက်ပျိုးမည့်နွေစပါးတွင် Export Zone ဆောင်ရွက်မည့်အခြေအနေများနှင့် ရေဆင်းပေါ်ဆန်းစပါး ပန်းတိုင်အထွက်နှုန်းရရှိအောင် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် အခြေအနေနှင့် စျေးကောင်းရရှိသည့်အခြေ အနေများ ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများမှ တင်ပြလာသောအခက်အခဲများအား ချက်ချင်းဖြည့်ဆည်းပေးပြီး အမြန်အကောင် အထည်ဖော် စိုက်ပျိုးထုတ်လုပ်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှုသင်တန်း (ပတမအကြိမ်) ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ယနေ့နံနက် ၉နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြူ၊ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၂၀) ဦး၊ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်၊၊

လားရှိုးမြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍ ခရိုင်သစ်တောဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ က‌မ္ဘောဇခန်းမ၌ ကျင်းပခဲ့ရ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကလောမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတေဇခန်းမ၌ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique Identity UID Smart Card များကို နေ့ချင်းပြီးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique Identity (UID) Smart Card များအား One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမတွင် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်း ခင်းကျင်းပြသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်း ခင်းကျင်းပြသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အတ္ထရံခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကဗျာ၊ ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲကျ င်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်တွင် ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို မြို့နယ်အဆင့် ကဗျာ၊ ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲကို၊ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to